ခရိုင်းမီးယားကျွန်းဆွယ်နဲ့ယူကရိန်းနိုင်ငံတောင်ပိုင်းအကြားဆက်သွယ်ထားတဲ့ ချွန် ဟာနှစ်စင်းတွဲတံတားကို ယူကရိန်းဖက်က ဗြိတိသျှဒုံးလက်နက်တွေနဲ့ဇွန်လ၂၂ရက်က ပစ်ခတ်တိုက်ခိုက်တယ်လို့ ရုရှားလက် အောက်ခံ ခါဆွန်ဒေသအုပ်ချုပ်ရေးမှူး ဗ လာဒီမာဆာလ်ဒိုကအတည်ပြုပါတယ်။
ကမ်းရိုးတန်းလမ်းကြောင်းပေါ်မှာ တည် ရှိပြီးအချက်အခြာကျတဲ့မေလီတိုပိုလ်မြို့နဲ့ ချိတ်ဆက်ပေးထားတဲ့အဓိက တံတားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဲဒီဒေသအုပ်ချုပ်ရေးမှူးက ရှင်းပြတယ်။
နှစ်စင်းတွဲတံတားရဲ့တစ်ဖက်က ဒုံးလက် နက်ထိမှန်ပြီးအပေါက်ကြီးဖြစ်သွားတဲ့နေရာကို သူတင်ထားတဲ့လူမှုကွန်ရက်လွှင့် တင်မှုမှာ တွေ့ရပါလိမ့်မယ်။ အဲဒီအပေါက်ကြီးကို ပြန်ပြင်ဖို့ လနဲ့ချီပြီးကြာနိုင် တယ်လို့ရုရှားအရာရှိ နီကိုလိုင်လူကာ ရှင်ကိုက ပြောပါတယ်။
ရုရှားတွေရဲ့ထောက်ပို့လမ်းကြောင်းတွေကို မိမိတို့တပ်ဖွဲ့က ဦးတည်ချေမှုန်းတိုက်ခိုက် နေတာဖြစ်တယ်လို့ ယူကရိန်စစ်ဖက်ဆိုင် ရာပြောခွင့်ရသူ နာတာလျာဟူမေနျုက အစိုးရရုပ်မြင်သံကြားကတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အလားတူတိုက်ခိုက်မှုတွေဆက်တိုက်လာလိမ့်ဦးမယ်လို့ ယူကရိန်း စစ်ထောက် လှမ်းရေးဌာနမှ အရာရှိတစ်ဦးဖြစ်သူ အန်ဒရေယူဆော့ဖ်ကပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးပြောသလိုဖြစ်လာတဲ့ ဒီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ရုရှား ဖက်ကကြီးကြီးမားမားတုန့်ပြန်လာလိမ့်မယ်လို့ ယူကရိန်းအရေးကျွမ်းကျင်သူအချို့က ဆိုပါတယ်။
Ref: CNN