၁၂ နိုဝင်ဘာ ၂၀၂၃
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ နေ့လည်ပိုင်းတွင် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းပိုက်ပြီဟု MNDAA က သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ၃ရက်အကြာ ကွမ်းလုံမြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဟု MNDAA က ထပ်မံကြေညာသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ချင်းရွှေဟော်၊ မုန်းကိုး ၊ ဖောင်းဆိုင် နှင့် နမ့်ခမ်းမြို့ တို့အား မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က ထိန်းချုပ်ပြီးနောက် ကွမ်းလုံမြို့ သည် နောက်ဆုံးထိန်းချုပ်ရာ နေရာ အဖြစ် ထပ်တိုးသွားသည်။



ယခု အလုံးစုံထိန်းချုပ်လိုက်ပြီ ဆိုလိုက်သော ကွမ်းလုံမြို့သည် တရုတ်-မြန်မာကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်သည့် သိန္နီ-ချင်းရွှေဟော်လမ်းပိုင်းတွင် အဓိကကျသည့်မြို့ဖြစ်သည်။
ယနေ့ မနက်ပိုင်းတွင် အပျက်အစီးများ ဖြစ်ပေါ်နေသည့် ကွမ်းလုံတံတား ပုံများ ထွက်ပေါ်လာသည်။
စစ်ရေးပြင်းထန်နေသည့် ရှမ်းမြောက်တွင် စစ်တပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်း မှပါ တိုက်ခိုက်လျှက် ရှိနေသည်။
MNDAA က တင့်ကားနှစ်စီးပါ သိမ်းပိုက်ရရှိထားကြောင်း မူဗီဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
တပ်မတော်ဘက်က စစ်ရေးအခြေအနေ ကို အသေးစိတ်ထုတ်ပြန်မှု မပြုသေးပေ။