ကွန်ဂိုနိုင်ငံမှာ တရားမဝင်သစ်ထုတ်လုပ်နေတဲ့ တရုတ် ကုမ္ပဏီကို Global Witnessက ဖော်ထုတ်

ကင်ရှာဆာ(ကွန်ဂို)၊ အောက်တိုဘာ ၂၅

ကမ္ဘာ့သစ်တောပြုန်းတီးမှုကို ကိုင်တွယ်ဖြေရှင်းမယ်လို့  ပေကျင်းက ကတိပြုထားပေမယ့်လည်း တရုတ်သစ်ကုမ္ပဏီ တစ်ခု ဟာ   ၂၀၂၂ခုနှစ်ထဲ ကွန်ဂိုနိုင်ငံမှာ သစ်ထုတ်လုပ်ရေးလုပ်ပြီး ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ သစ်တွေကို တရုတ် နိုင်ငံ ဆီ တင်ပို့ခဲ့တယ်လို့  Global Witness က  အောက်တိုဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့ က ဖော်ထုတ် ပြောဆိုလိုက်ပါတယ်။

တရုတ်ပိုင် ကွန်ဂို King Baisheng သစ်တောဖွံ့ဖြိုးရေးကုမ္ပဏီရဲ့ သစ်ခုတ်လှဲမှုကို ကွန်ဂိုနိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဌာနက ၂၀၂၂ခုနှစ် ခုနှစ် ဧပြီလကတည်းက  ရပ်ဆိုင်းထားပေမယ့်  တရုတ်ကုမ္ပဏီက  မိုးသစ်တောကြီး တွေ ထဲမှာ ရှားပါး သစ်မာသစ်ပင်တွေကို ဆက်ပြီး ခုတ်လှဲထားတဲ့ အကြောင်း ဂြိုလ်တုဓါတ်ပုံတွေကနေ သိခဲ့ ရတာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာ  ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)  ကနေ ၂၀၂၂ ခုနှစ် ဇွန်လကနေ  ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံကို  တရားမဝင်သစ် အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုး  တင်ပို့ခဲ့တဲ့ အကြောင်း Global Witness ရဲ့  အောက်တိုဘာ ၂၅မှာ  ထုတ်ပြန်လိုက်တဲ့  အစီရင်ခံစာအရ သိရပါတယ်။

သစ်တွေကို  ရှန်ဟိုင်းအနီး ဝန်းကျင်မှာ ရှိတဲ့  ဆိပ်ကမ်းတစ်ခုကနေ သူ့ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့  တရုတ်လုပ်ငန်းစု Wan Peng International ကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ အတွက်  အာဏာအလွဲသုံးစားလုပ်မှုတွေကို စိန်ခေါ် ဖော်ထုတ်လုပ် ကိုင် နေတဲ့ Global Witness ဟာ ကွန်ဂိုကနေ  တရုတ်နိုင်ငံဆီကို  သင်္ဘောပို့ဆောင်မှု လမ်းကြောင်းတွေရဲ့ ရွေ့လျားမှုတွေ ကို ခြေရာခံ ပြီး လည်း ဖော်ထုတ်ခဲ့တာလို့ သိရပါတယ်။

Ref: AFP/rc

ပုံစာ။  ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ မှာ တွေ့ရတဲ့  ကွန်ဂိုအရှေ့မြောက်ပိုင်း ဂါရမ်ဘာ သစ်တောကြီးရဲ့ ဝေဟင်မြင်ကွင်း

Feature Image Credit: Reuters/Finbarr O’Reilly

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *