ဂိုမာ(ကွန်ဂို)၊ စက်တင်ဘာ ၆
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ ပြီးခဲ့တဲ့ ဩဂုတ် နောက်ဆုံးသီတင်းပတ်နဲ့ စက်တင်ဘာ ပထမ သီတင်းပတ် ထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂရဲ့ မစ်ရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူဒါဇင်နှင့်ချီ သေဆုံးခဲ့ တယ် လို့ သိ ရပါတယ်။။
ကုလသမဂ္ဂဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေခဲ့တဲ့ ဒေသခံအနည်းဆုံး ၄၃ ယောက် သေဆုံးပြီး ၅၃ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲတွေကို စီစဉ်ပေးတဲ့ အဖွဲ့ခေါင်း ဆောင် အပါအဝင် လူပေါင်း ၁၅၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့ အစိုးရက ပြောပါတယ်။
အရှေ့အာဖရိက အသိုက်အဝန်းနဲ့ နိုင်ငံထဲမှာ လုပ်ဆောင်နေတဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းနဲ့ ကုလသမဂ္ဂ တည်ငြိမ်ရေး မစ်ရှင် (MONUSCO) ကို အရှေ့ဘက် ဂိုမာမြိုမှာ ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူတွေဟာ “အများပြည်သူ စည်းစိမ်ကို ပျက်ပြားစေတဲ့လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တယ်” လို့ ကွန်ဂို အစိုးရက ပြောဆို ခဲ့ပြီး၊ ဥပဒေစိုးမိုးမှုမရှိတဲ့ မြို့တော်ကို တည်ငြိမ်အေးချမ်းမှုတွေ ပြန်လည်ရဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
သတင်းတွေအရ “ကွန်ဂိုကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဆန္ဒပြပွဲကျင်းပနေတာကို တားဆီးဖို့ ကြိုးစားခဲ့တယ်” လို့ သိရပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောရေးဆိုခွင့်ရှိသူ ရာဗီနာ ရှန်ဒါဆာနီ က “သေဆုံးသူဦးရေ ပိုများ နိုင်တယ်လို့ ညွှန်ပြနေတဲ့အချက်အလက်တွေ ရရှိထား” လို့ လည်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာအညွှန်း။ စစ်တပ်က ဖမ်းဆီးထားတဲ့ ဆန္ဒပြ လူငယ်များ
Feature Image Credit: AFP