၈ ဇန်နဝါရီ၊၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင် မြို့စစ်တပ်ဗျူဟာကုန်းနဲ့သိန္နီမြို့ရှိ စစ်ဌာန ချုပ်တို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်း တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ၇၃ ရက်မြောက်နေ့မှာ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီရဲ့သိန္နီအခြေစိုက် “စကခ (၁၆) နောက်တန်းဌာနချုပ်” ကို ဇန်နဝါရီလ ၇ ရက်နေ့နဲ့၊ “ကွတ်ခိုင်ဗျူဟာကုန်း”ကိုဇန်နဝါရီလ ၇ ရက်နေ့ ည မှာစိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့ကအသိပေးထားပါတယ်။

“ရှမ်းမြောက်ကွတ်ခိုင်မြို့ နေ့ညမပြတ်ပစ်ခတ်မူတွေဆက်တိုက်ဖြစ်ပွားနေတာပါ၊ကွတ်ခိုင်အင်တာနက်မရှိတာကြောင့် ဖုန်းနဲ့လှမ်းမေးနေရတာပါ
သည်နေ့တော့ ညီနောင် မဟာမိတ် ၃ ဖွဲ့က အလုံးစုံသိမ်းပိုက်ထားပြီဆိုတော့မြို့အခြေနေဘာဖြစ်လာမလဲစောင့်ကြည့်နေရတယ်”လို့က်ကွတ်ခိုင်ဒေသခံတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၁၆ မြို့ ရှိလာပြီလို့ သိရပါတယ်။



