ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာကျေးရွာမှာ ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုးသား၄ဦးထိခိုက်ဒဏ်ရာရ

ကွတ်ခိုင်မြို့နယ်၊နမ့်ဖတ်ကာကျေးရွာမှာ ဒီဇင်ဘာလပထမပတ်အတွင်း ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး ဒေသခံအမျိုး သား၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးဆောင်ရွက်သူများထံမှ သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုမှာ ကျည်စထိမှန်ဒဏ်ရာရရှိသူများမှာ ရပ်ကွက်၃နေ အသက်(၄၆) နှစ်အ ရွယ် ဦးဝမ်ချုံကျင်နဲ့ အသက် (၅၀)နှစ်အရွယ်ဦးကျော်ခိုင်တို့ဖြစ်ကြပြီးနှစ်ဦးစလုံးကို ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရကြောင်းနှင့်မိုင်းပေါက်ကွဲမှုမှာ မိုင်းစထိမှန်ဒဏ်ရာရခဲ့သူများမှာ ရက်ကွက်၅နေအသက် ( ၂၅) နှစ်အရွယ် မိုင်းလုမ်လှနဲ့ အသက် (၂၂ )နှစ်အ ရွယ် မိုင်းအိုက်ထွန်းတို့တယ်လို့ သိရပါတယ်။

Photo- နမ့်ဖတ်ကာလူမှူကူညီရေးအသင်း

ဒီဇင်ဘာလ၃ရက်နေ့ကလည်း နမ့်ဖတ်ကာဈေးထဲမှာ လက် နက်ကြီးကျ ပေါက်ကွဲခဲ့သလို အောင်သပြေစစ်ရှောင်စခန်းမှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *