ကြွေးမြီစိုးရိမ်မှုတွေကြားက မီးစိမ်းပြလိုက်တဲ့ ဖီဂျီနိုင်ငံရဲ့ တရုတ်စီမံကိန်း

၂၀၁၇ ခုနှစ် က တွေ့ဆုံခဲ့ကြတဲ့ ဖီဂျီနဲ့ တရုတ်ခေါင်းဆောင်နှစ်ယောက်
Photo Credit: Xinhua/Pang Xinglei

ဖီဂျီဝန်ကြီးချုပ် စတီဗန်နီ ရာဘူကာ က ဆိပ်ကမ်းအဆောက်အအုံတွေအပါအဝင် သင်္ဘောကျင်းတွေကို ခေတ်မီဖို့ဆိုတဲ့ ခေါင်းစဥ်အောက်မှာပဲ တရုတ်နိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်တဲ့အကြောင်း ပြီးခဲ့သီတင်းပတ်ကပဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကပဲ  ဘေကျင်းရဲ့ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင်နဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ စီမံကိန်းဟာ “ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်နဲ့ လည်းကိုက်ညီတယ်” လို့ ထည့်ပြောဆိုခဲ့ပါတယ်။

ဖီဂျီဟာ ပစိဖိတ်ပင်လယ်ရေကြောင်းလမ်းကြောင်းတွေအတွက် ဗျူဟာမြောက်အရေးကြီး’ ဖြစ်ပြီး သူ့ရဲ့ရေနက်ဆိပ်ကမ်း ဟာ ပစိဖိတ်သမုဒ္ဒရာထဲ ပြိုင်ဆိုင်မှုပြင်းထန်နေချိန်မှာ ဘေကျင်းကို  ဆွဲဆောင်နေတာ အချိန်တစ်ခု ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

အခုတော့ ကြွေးမြီပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဖီဂျီဟာ တရုတ်ရဲ့ ကမ်းလှမ်းစွဲဆောင်မှုတွေကို အသာတကြည်ပဲ ခေါင်းငြိတ် လိုက်ရပြီ လို့ ဆိုရမှာပါ။

ဆန်ဖရန်စစ္စကိုမှာကျင်းပခဲ့တဲ့ Apec ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့  တွေ့ပြီးတဲ့နောက် သိပ်မကြာ လိုက်ဘဲ ဖီဂျီဘက်က အခုလို မီးစိမ်းပြလိုက်ပါ။ ဒီသဘောတူညီချက်က ဖီဂျီနဲ့ တစ်ဘက်က  သြစတြေးလျ၊ နယူးဇီလန်၊အမေရိကန် စတဲ့ နိုင်ငံတွေ ကြားက ရေရှည်လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေကနေ မထင်မှတ်ဘဲ တရုတ်က အခုလို ဖြတ် ကျော်တက်သွားခဲ့တာလည်း ဖြစ်ပါတယ်။

လူဦးရေ တစ်သန်းအောက်ပဲ ရှိတဲ့ ဖီဂျီနိုင်ငံငယ်လေးဟာ ဩစတြေးလျနဲ့ ဟာဝိုင်အီကြားက ရေနက်ပိုင်းဆိပ်ကမ်းတွေ ကနေ ပစိဖိတ်သမုဒ္ဒရာတစ်ခွင် လွှမ်းမိုးမှု ပြိုင်ဆိုင်မှုမှာ ဘယ်လောက်အရေးပါတယ်ဆိုတာကတော့ ပထဝီနိုင်ငံ ရေး ကျွမ်း ကျင်သူတိုင်း  သိထားပြီး ဖြစ်ပါတယ်။

ဖီဂျီဟာ  ဖွံ့ဖြိုးဆဲ ပစိဖိတ်နိုင်ငံတွေထဲမှာ  အကောင်းဆုံးဆိပ်ကမ်းတွေ ရှိထားပြီး သကြား၊ ဆန်နဲ့ ရေသန့် (Fiji Water) တင်ပို့မှုတွေ ကနေ  အကျိုးကျေးဇူးများစွာနေတေဲ့နိုင်ငံတစ်ခုပါ။

အခုတော့ တရုတ်ချေးငွေနဲ့ ဖီဂျီရေနက်ဆိပ်ကမ်းတွေ အဆင်မြင့်သွားပြီ ဆိုတာနဲ့ ဘေကျင်းရဲ့ လုံခြုံရေးအပါအဝင်  တစ်က နေစရမယ့် ဆော်လမွန်ကျွန်းစုထဲက မာလိုက်တာ မှာရှိတဲ့ ပရောဂျက်တွေထက်စာရင် ဖီဂျီပရောဂျက်က လုပ်ကိုင်ရ ပိုမြန် ဆန်မှာ ကိုလည်း တရုတ်ဘက်က အဆင်သင့်တွက်ဆထားမှာ သေချာပါတယ်။

ပစိဖိတ်ကျွန်းများပရိုဂရမ်ရဲ့ သုတေသီနဲ့ သြစတြေးလျနိုင်ငံ Lowy Institute က Aus-PNG Network ရဲ့ ပရောဂျက် ဒါရိုက် တာ မီဟိုင်း ဆိုရာ က………။

“လက်ရှိမှာ ဖီဂျီ ဟာ အကြွေးကင်းတဲ့ နိုင်ငံမဟုတ်ဘဲ အကြွေးတင်နိုင်ငံ တစ်ခု ဖြစ်နေတာမို့ အခုလို ဘီလီယံ ချီတန်တဲ့ ချေးငွေနဲ့ လည်ပတ်ရမယ့်ပရောဂျက်တွေအတွက်  ဖီဂျီဟာ အဆင်သင့်မဖြစ်သေးဘူးဆိုရင် နောက်ထပ် ကြီးမားတဲ့ အခြေ ခံအဆောက်အအုံတွေထပ်ဆောက်ဖို့ ပေးဆပ်ရမယ့် ချေးငွေတွေ ပြန်ဆပ်ဖို့ရာကတော့  ဖီဂျီရော တရုတ်ပါ နှစ်ဘက် သတိထားရမယ်ပါမယ်” လို့  ဝေဖန်ထောက်ပြပါတယ်။ သူကပဲ “အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်ပြီးလည်း  ပွင့်လင်းမြင်သာမှုသိပ်မရှိသေးဘူး။” လို့ဆိုပါတယ်။

နောက်တစ်ချက်အနေနဲ့ ဖီဂျီဒေသခံတွေ စိုးရိမ်နေတာက တရုတ်နိုင်ငံဟာ သူတို့ငွေနဲ့ ရင်းနှီးမြုပ်နှံတဲ့ ပရောဂျက်တွေ တည်ဆောက်တဲ့အခါတိုင်း  တရုတ်အလုပ်သမားတွေကို ဦးစားပေး ခေါ်ယူလုပ်ကိုင်ခိုင်းတဲ့ ကိစ္စပါ။

ဒီနေ့မှာတော့ ဖီဂျီအစိုးရက  တရုတ်နဲ့မိတ်ဖက်လုပ်ကိုင်မယ့် ပရောဂျက်ရဲ့ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ မေးခွန်း တွေကို   ဖြေကြားတာမျိုးမရှိသေးပါဘူး ဆိုပါတယ်။

တရုတ်ကတော့ ပိုးလမ်းမနဲ့ ရပ်ဝန်းစီမံကိန်းရဲ့ အခြေခံမူအတိုင်း အကြွေးနောက်ထားပြီး စီမံကိန်းကို အရင်စလိုက်ဖို့ လမ်းအမျိုးမျိးကနေ ကြိုးစားနေတဲ့ အထဲမှာ ဖီဂျီရဲ့ အနာဂတ်ကလည်း စောင့်ကြည့်ရမယ့်အထဲမှာပါလာခဲ့ပြီဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

ကိုးကားFiji woos China for upgrade of ‘strategically important’ ports even as debt concerns mount ( South China Morning Post)

ပုံစာ။ ၂၀၁၇ ခုနှစ် က တွေ့ဆုံခဲ့ကြတဲ့ ဖီဂျီနဲ့ တရုတ်ခေါင်းဆောင်နှစ်ယောက်

Feature Image Credit: Xinhua/Pang Xinglei

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *