ကြို့ပင်ကောက်မြို့နယ်မှာ ဓားခုတ်မှု တစ် ခုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ကြို့ပင်ကောက်မြို့နယ်၊ကျွန်းကုန်းကြီးရွာမှာ ဇွန်လ၁၁ ရက်နေ့ လည်ပိုင်းက လင်မယားစကားများရာကနေ ဓားခုတ်မှုတစ်ခုမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဓား နဲ့ခုတ်ခံခဲ့ရတဲ့ အမျိုးသားသေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့လူမှုကူညီရေးဆောင်ရွက် သူအသိုင်းအဝိုင်းကနေ သိရပါတယ်။

“လင်မယားနှစ်ယောက် စကားများရန် ဖြစ်ရာကနေ မိန်းမဖြစ်သူနဲ့ စွပ်စွဲသမုတ်ခံရ တဲ့သူက ယောကျာ်းဖြစ်သူကို ဓားနဲ့ ဝင်ခုတ် လို့ ယောကျာ်းဖြစ်သူသေဆုံးခဲ့ရတာပါ။ နောက်ပြီးတော့ ဓားနဲ့ခုတ်တဲ့သူရော သေသွား တဲ့သူရောက အရင်ပါကတည်းက သောက် ဖော်သောက်ဖက်တွေပါ´´လို့ ဒေသခံတစ် ယောက်ကပြောပါတယ်။

ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားသူရဲ့ ရုပ်အ လောင်းကိုနာရေးကူညီမှုအသင်း(ကြို့ပင် ကောက်)က မော်တော်ယာဉ်နဲ့ ကြို့ပင် ကောက်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။

Photo– နာရေးကူညီမှုအသင်း(ကြို့ပင် ကောက်)

Leave a Reply

Your email address will not be published. Required fields are marked *