ကြို့ပင်ကောက်မြို့နယ်မှာ ကျောင်းသား ကလေးငယ်နှစ်ဦး ရေဆင်းကူးရင်း ရေနစ်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ကြို့ပင်ကောက်မြို့နယ်ကျောင်းကုန်းကျေးရွာအနီးကဆည်မြောင်းနံဘေးကန်ထဲမှာ ဇူလိုင်လ၁၈ရက် မ နက်ပိုင်းက ကျောင်းသားကလေးငယ် နှစ်ဦးဟာ ကျောင်းသွားရင်း ရေဆင်း ကူးကြပြီး ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေနစ်သေဆုံးသွားတဲ့ကလေးငယ်နှစ်ဦးဟာ Grade3ကျောင်းသား မောင်ထက် မြက်သူနဲ့ Grade6ကျောင်းသားမောင်ကို ကိုထွန်းတို့ဖြစ်ကြပြီး မိဘဖြစ်သူများနဲ့ နေ ရပ်လိပ်စာကိုတော့စုံစမ်းနေဆဲလို့ သိရပါတယ်။

သေဆုံးသွားသူကလေးငယ်နှစ်ဦးရဲ့ရုပ်အလောင်းများကို နာမှုကူညီရေးအသင်း-ကြို့ပင်ကောက်က မော်တော်ယာဉ်နဲ့ ကြို့ပင်ကောက်ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *