ကြာသပတေးဂြိုလ်ပေါ်က အစိမ်းရောင် လျှပ်စီးလေပွေတွေရဲ့အလှတရား

နာဆာအဖွဲ့က လွှတ်တင်ခဲ့တဲ့ ဂျူနိုအာကာ သယာဉ်ဟာ နေအဖွဲ့အစည်းထဲက ဂြိုလ်တွေ ထဲမှာအရွယ်အစားအကြီးဆုံး ကြာသပတေး ဂြိုလ်ရှိရာကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က တည်းက ချဉ်းကပ်ရောက်ရှိလာပြီး ဂြိုလ်ရံ လတွေကိုရှာဖွေလေ့လာခဲ့တယ်။

၂၀၂၀ပြည့်နှစ်မှာ ဓာတ်ငွေ့အထပ်ထပ် နဲ့ဖွဲ့စည်းထားတဲ့ ကြာသပတေးဂြိုလ်ကြီးနဲ့ ပိုပြီး နီးကပ်တဲ့ ပတ်လမ်းထဲကို ရောက်လာ တယ်။လျှို့ဝှက်ဆန်းကျယ်တဲ့ ကြာသပ တေးဂြိုလ်စတင်ဖြစ်ပေါ်လာပုံ ဖွဲ့စည်းဖြစ် တည်မှုတို့ကို လေ့လာသိရှိနိုင်ဖို့ ဂျူနို အာကာသယာဉ်က မှတ်တမ်းတင် စု ဆောင်းပေးပို့တဲ့ အချက်အလက်တွေကို အဓိကအားကိုးအားထားပြုနေရတယ်။

ဘယ်လို ဓာတ်ပုံအသစ်တွေပို့ပေးဦးမလဲ ဘယ်လိုအချက်အလက်သစ်တွေ ထပ်ရဦး မလဲလို့ မျှော်လင့်ပြီး နာဆာအဖွဲ့က အာကာ သပညာရှင်တွေ စောင့်ဆိုင်းနေကြရတယ်။ ယူရိုပါ၊ ဂနီမိဒ်နဲ့ လိုဂြိုလ်ရံလသုံးစင်းရဲ့ပုံတွေ ကို အဆန်းတကြယ်ရိုက်ကူးမှတ်တမ်းတင်ပေးပို့ခဲ့တဲ့ဂျူနိုအာကာသယာဉ်ဟာ မကြာသေး မီက အစိမ်းရောင်လျှပ်စီးလေပွေတွေကို ဓာတ်ပုံရိုက်ကူးခဲ့ပြန်တယ်။

ကမာဂြိုလ်ပေါ်မှာ ရေမှုန်တွေနဲ့ဖွဲ့စည်း ထားတဲ့ တိမ်တွေထဲကနေ လျှပ်စီးတွေ ပေါ်ထွက်လာကြပေမယ့် ကြာသပတေး ဂြိုလ်ပေါ်က လျှပ်စီးတွေကတော့ အမိုးနီး ယားဓာတ်ငွေ့နဲ့ ရေမှုန်လို့ယူဆရတဲ့အခိုး အငွေ့တွေကို အခြေခံပြီးပေါ်ထွက်လာတာလို့ အာကာသပညာရှင်တွေယူဆကြတယ်။ အ လွန်ဆန်းကြယ်ပြီးလှပတဲ့ အဲဒီအစိမ်းရောင် လျှပ်စီးလေပွေတွေ ဘယ်လိုဖြစ်ပေါ်လာ တာလဲဆိုတာသိဖို့ အမေရိကန် အာကာသပ ညာရှင်တွေ ဆက်လက်လေ့လာနေကြ တယ်။

ဇူလိုင်နဲ့ အောက်တိုဘာမှာ ဂျူနိုအာကာသ ယာဉ်ဟာ အခုထက်ပိုနီးတဲ့ ပတ်လမ်းထဲကို ဝင်ရောက်လာနိုင်မှာဖြစ်ပြီး ၂၀၂၄ခုနှစ် မှာ ကြာပတေးဂြိုလ်မျက်နှာပြင်က ကီလို မီတာ ၁၅၀၀ အကွာအထိရောက်လာမယ်လို့ နာဆာအဖွဲ့က သတင်းထုတ်ပြန်ထားပါ တယ်။

Ref: CNN

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *