ကြည့်မြင်တိုင်မြို့နယ်မှာ ရွှေပြည်သာက နာမည်ကျော်လူ မိုက်တစ်ဦးဖြစ်တဲ့ ကျော်ဝင်းစိန် ဓါးထိုးခံရပြီး သေ ဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်၊ကျောင်းကြီးလမ်းမှာ ဒီဇင်ဘာလ၈ရက်ညပိုင်းက ရာဇဝတ်မှုမျိုးစုံနဲ့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရာကနေ လွတ်ငြိမ်းချမ်း သာခွင့်နဲ့ပြန်လွတ်လာတဲ့ ရွှေပြည်သာက နာမည်ကျော်လူမိုက်တစ်ဦးဖြစ်တဲ့ ကျော်ဝင်းစိန်ဟာ ဓါးနဲ့ထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

နာမည်ကျော်လူမိုက်ကျော်ဝင်းစိန်ကို ပြိုင်ဘက်လူမိုက်အဖွဲ့က ဓါးနဲ့ထိုးသတ်ခဲ့တာလို့ သိရပြီး ကျော်ဝင်းစိန်ဟာ သေ ဆုံးချိန်မှာ အသက်၅၀ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းကိုရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားခဲ့တဲ့ နာမည်ကျော်လူမိုက်ကျော်ဝင်းစိန်ဟာ ရန်ကုန်အင်းစိန်ဇာတိဖြစ်ပြီး ၁၉၉၆-၉၇ နှစ်များက ပြန်ပေးဆွဲမှု၊ လုယက်မှုပုဒ်မမျိုးစုံနဲ့ အနှစ် ၄၀ ကျော်နီးပါးထောင်ကျနေရာကနေ ၂၀၁၀ နောက်ပိုင်းမှာ ရဲ ဘက်အကျဥ်းစခန်းတစ်ခုမှ ထွက်ပြေးလွတ််မြောက်လာပြီးနောက် ရွှေပြည်သာမြို့နယ်မှာ နေထိုင်ခဲ့ရာကနေ အဖမ်းခံရတဲ့အတွက် ထောင်ပြန်ကျခဲ့ကာ ပြီးခဲ့တဲ့နှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ် မြောက်ခဲ့တာလို့ သိရပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *