ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်မြစ်အတွင်းမှာ ဒီဇယ်တင်သင်္ဘောတစ်စီး မီးလောင် ပေါက်ကွဲမှုဖြစ်

■သင်္ဘောရဲ့ ရေမြုပ်ပန့်အပူလွန်ရှော့ဖြစ်ပြီး မီးလောင်ပေါက်ကွဲခဲ့တာကြောင့် ရေယာဥ်ဉ်ဝန်ထမ်းအမျိုးသား၂ဦးသေဆုံးခဲ့ရပြီး၂ဦးပျောက်ဆုံးနေတယ်လို့ဆို

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်းမှာ မတ်လ၁ရက်နေ့မ နက် ၂ နာရီ ၇ မိနစ်က သင်္ဘောမီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

“ဒီဇယ်ဆီတင်သင်္ဘောက ဆီတွေကို ရေမြုပ်ပန့်နဲ့ ပေးပို့နေချိန် ရေမြုပ်ပန့်အပူလွန်ကဲ ရှော့ခ်ဖြစ်ပြီး မီးလောင်ပေါက်ကွဲသွားခဲ့တာပါ။အမျိုးသားနှစ်ဦးသေပြီး အမျိုးသားနှစ်ဦးပျောက်ဆုံးနေပါတယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ကြည့်မြင်တိုင်မြို့နယ်မီးသတ်စ ခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊အလုံမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စ ခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီး သတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ ထွက်ခွာ မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 29 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *