ကြည့်မြင်တိုင်ညဈေးက ရွှေဆိုင်ပိုင်ရှင်တစ်ဦး သတ်ဖြတ်ခံရ

၉ အောက်တိုဘာ၊၂၀၂၃

ရန်ကုန် ကြည့်မြင်တိုင်ညဈေးက ရွှေဆိုင်ပိုင်ရှင်တစ်ဦး ယမန်နေ့က သတ်ဖြတ်ခံခဲ့ရသည်။

အောက်တိုဘာလ ၈ ရက် ည ၈ နာရီခွဲချိန်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင် အရှေ့ရပ် ကွက်တွင် နေထိုင်သည့် ဦးမင်းဇော်ဦး က သားဖြစ်သူနှင့် အတူ ကြည့်မြင်တိုင်ညဈေးမှ ၎င်း၏ဇမ္ဗူရစ်ရွှေဆိုင်ကို ပိတ်ပြီး ရွှေထည်ပစ္စည်းများနှင့်အတူ နေအိမ်သို့ပြန် လာစဉ် ယာဉ်တစ်စီးပေါ်မှ အကြမ်းဖက်သမား ၃ ဦး ဆင်းလာပြီး ဦးမင်းဇော်ဦး အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ဖမ်းခေါ်ခံသွားရသည့် ဖခင်ဖြစ်သူ ဦးမင်းဇော်ဦးနှင့် ပတ်သတ်ပြီး သားဖြစ်သူက ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ သွားရောက် တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ တရားခံများဖမ်းဆီးရမိရေး စုံစမ်းရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့ အောက်တို ဘာလ ၉ ရက် နံနက် ၇ နာရီခွဲချိန်ခန့်တွင် မင်္ဂလာဒုံမြို့ နယ်၊ ထောက်ကြန့်၊ ဧရာဇ်ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေး၌ အမျိုးသား ၁ ဦး သေဆုံးနေကြောင်း သက်ဆိုင်ရာမှ သတင်းပေးချက်အရ သွားရောက်စုံစမ်းစစ်ဆေးရာ ဇမ္ဗူရစ်ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး ကို သေဆုံးလျက် တွေ့ရှိခဲ့ကြကြောင်း နစကက ထုတ်ပြန်ထားသည်။

ကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက် ရှိကြောင်းလည်း နစကဘက်က ထုတ်ပြန်ထားသည်။

ပုံစာ။ ။သေဆုံးသွားသည့် ဒါယကာရင်းဖြစ်သူ၏ ရုပ်အလောင်းအား သွားရောက်ကြည့်ရှုနေသည့် ရွှေညဝါဆရာတော်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *