ကျော်တက်မောင်းနှင်သော ကုန်တင်ယာဉ်နှစ်စီး တိမ်းမှောက်

မွန်ပြည်နယ် ၊ မုဒုံမြို့နယ် မော်-သံအဝေး‌ပြေးလမ်းမကြီး တော်ကူးတံခွန်တိုင်ကျေးရွာအနီးတွင် ဇွန်လ ၂ ရက် ညနေ(၆)နာရီ (၁၅)မိနစ်ခန့် အချိန်က ကုန်တင်ယာဉ်နှစ်စီး ကျော်တက်မောင်းနှင်လာစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုစွန်ခြောက်များတင်ဆောင်လာသော ကုန်တင်ယာဉ်နှစ်စီးမှာ လားရာတူ‌ကျော်တက်ရင်း တံတားကျဉ်းသို့အရောက်တွင်အရှိန်မထိန်းနိုင်၍ တိမ်းမှောက်နေကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့(MERT)မှ သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊အရေးပေါ်လူနာတင်ယာဉ်(၁)စီးဖြင့်အချိန်နှင့်တစ်ပြေးညီထွက်ခွာ ကူညီခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ် တိမ်းမှောက်မှုကြောင့် အမျိုးသား(၂)ဦး ကားရေတိုင်ဂီ‌ပေါက်ထွက်ရာမှ ရေနွေးပူလောင် ဒဏ်ရာရရှိခဲ့သောကြောင့် အားမန်သစ်ဖောင်ဒေးရှင်းအဖွဲ့မှ မော်လမြိုင်ပြည်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *