
အခု့ဖော်ပြမှာကတော့ တန်ဖိုးကြီးလက်ဝတ်ရတနာများကို ကိုယ်ပိုင်စိတ်ကူးဖြင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲဖန်တီးခြင်း အပြင် အဝတ်အစားဖက်ရှင်ဒီဇိုင်များကိုလည်း ကိုယ်တိုင်ရေးဆွဲဖန်တီးခြင်း နဲ့ကျော်ကြားနေတဲ့ ကျောက်မျက်ဒီဇိုင်နာ မယဉ်မင်းသီ ရဲ့ စကားသံ တွေပဲ ဖြစ်ပါတယ်။
ကျမ ယဉ်မင်းသီ သည်မီဒီယာတွေ နဲ့ ပတ်သတ်ပြီး share သည့် post များအလွန်ရှားပါးပါသည်။ ဦးမောင်ဝိတ်အကြောင်းဆိုလျင် post တင်ခြင်းမရှိခဲ့ပါ။ ကျမယဉ်မင်းသီနဲ့ ဦးမောင်ဝိတ်တို သည်၂၀၀၃ ခုနှစ် တွင် တရားဝင် လက်ထပ် ခဲ့ပြီးနောက် ကံတရား အရ ဇနီးခင်ပွန်း ဆက်ဆံရေး မှ မိသားစု အရင်းနှီးဆုံးသူငယ်ချင်း ဆက်ဆံရေး အဖြစ် ဆက်ဆံခဲ့ သည့်မှာ ပတ်ဝန်းကျင်မှသိရှိပါသည်။ ဦးမောင်ဝိတ် ၂၀၀၈ခုနှစ်ကထောင်ကျခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇနီးဖြစ်ခဲ့ သူကျမထက်ပိုသိသူရှိမည်မထင်ပါ။ သူထောင်ကျနေစဉ်အတွင်းနဲ့ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ သူထောင်ကျခဲ့ရတဲ့ ဇတ်ကြောင်းကို မီဒီယာတွေမှာပြောဖိုသူ့ကိုအကြိမ်များစွာတိုက်တွန်းဖူးပါသည်။ သိုသော်သူပြန်ပြောသည့်စကားမှာ “ကိုတို့မှာဘာအားကိုးစရာရှိလိုသူတိုနဲ့ရန်ဖြစ်မှာလဲ” မင်းမိသားစုတွေနဲ့ကိုမိသားစုတွေအထိပါအခက်အခဲမဖြစ်စေချင်ဘူး” ဟုသာပြန်ပြောခဲ့ပါသည်။

ကျွန်မမိသားစုအကြောင်းပြောရလျှင်ကျမ၏အဖေမှာ ဦးသီဟ (ရေတပ်ကဗိုလ်မှူးဖြစ်ပါသည် ) ၊ အမေမှာဒေါ်တင်တင်ဝင်း ( ကျောင်းဆရာမ ) ဖြစ်ပါသည်။.
ကျွန်မအမေရဲ့အဖေ ကျမအဖိုး မှာ (ရေစကြို)ဦးတင်အေး ဖြစ်ပြီး ပါလီမန်ခေတ် တွင် တည်မြဲဖဆပလ ပါတီမှ ရေစကြိုတွင် အမတ်ဝင်ရွေးခဲ့သည့် မဟာသီရိ ဆီစက်ပိုင်ရှင်ဖြစ်ပါသည်။ ဦးနေဝင်းလက်ထက်ဆူဇကာစစ်ဆင်ရေးတွင်ပြည်သူပိုင်သိမ်းခံခဲ့ရပြီးထောင်ချခံခဲ့ရသူဖြစ်ပါသည်။
ကျွန်မအဖေရဲ့အဖေ ကျမအဖိုးသည် ဦးမောင်မောင်ကြီး ( ရေတပ်ဗိုလ်မှူးကြီး ) ဖြစ်ပါသည်၊ ဓါးလွတ်မောင်မောင်ကြီး ဟုအမည်တွင်ပါသည်။ NLD ပါတီဝင်ဖြစ်ပါသည်။
ကျမ ဖေဖေ ရေတပ်တွင် in service အနေနဲ့ ရှိ စဉ်အချိန်တုန်းက ဖိုးဖိုးက NLD (၁၉၉၇) ပါတီ တွင်ဝင်ရောက်ခဲ့ သည့် အချိန်တွင် ဖေဖေက ဖိုးဖိုးကိုနိုင်ငံရေး မလုပ်ရန် တောင်းပန်ခဲ့ သည် ထိုအချိန်တွင်ဖိုးဖိုးက ဖေဖေကို သူ့အဖေ အဖြစ်ကစွန့်လွှတ်ရန်ပြောဆိုခဲ့ ပါတယ်။ လူတိုင်းမှာကိုယ်ဘဝကိုယ်လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်ကိုအဖိုးကအဖေ့ကိုပြောလိုက်ခြင်းလည်းဖြစ်ပါသည်။
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် ကျွန်မတိုမျိုးတော်စပ်ခြင်းမရှိပါ။
၁၈ ဖေဖေါ်ဝါရီလက Myanmar Now ၏ တွင်ရေးသားထားသော ဦးမောင်ဝိတ်သည် “ ဒုတိယသမ္မတဦးမြင့်ဆွေ၏ တူမနှင့်အိမ်ထောင်ဖက်ဖြစ်သည်ဟု” ဖေါ်ပြချက်မှာလုံးဝမှားယွင်းနေကြောင်းပြောလိုပါသည်။
ဒုတိယဗိုလ်ချုပ်ကြီးဦးမြင့်ဆွေနှင့်ကျမအမှန်တကယ်အမျိုးတော်ပါကလည်းကျွန်မအတွက်ဘာပြသနာမှမရှိပါ၊ အဘယ့်ကြောင့်ဆိုသော် ဒီကမ္ဘာပေါ်တွင်ကိုယ့်မိဘဘယ်သူဆိုတာနဲ့ကိုယ့်ဆွေမျိုးဘယ်သူဆိုတာကို မည်သူမှရွေး ချယ်ခွင့်မရှိပါ၊ လူတစ်ဦး၏ DNA အားပြောင်းလဲ၍မရသကဲ့သိုပင်ဖြစ်ပါသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအရ လူတစ်ယောက်သည် မိမိယုံကြည်သည်ကို၊ထင်မြင်ယူဆသည်ကိုလွတ်လပ်စွာ ပြောဆို ခွင့်ရှိပါသည်၊ သိုသော်အခြားသူတစ်ဦးအားနစ်နာစေရန်ရည်ရွယ်လျက်လွတ်လပ်စွာပုတ်ခတ်ပြောဆိုခြင်းမပါဝင်ပါ။
အခြားသူတစ်ဦးအားထိခိုက်စေရန်ရည်ရွယ်လျှက်အချက်အလက်အမှားများဖြင့်ပြောဆိုရေးသားခြင်းသည်လူသားဆန်မှုလူ့အခွင့်အရေးမဟုတ်သည့်အပြင်၊ လူ့အခွင့်အ ရေးအားချိုးဖေါက်ခြင်းလည်းဖြစ်ပါသည်။
Myanmar Now သည်မီဒီယာတစ်ခုဖြစ်နေပါသည် လူတစ်ဦးထက်များစွာပို၍ကျင့်ဝတ်စောင့်ထိန်းသင့်ပါသည်…. မီဒီယာတစ်ခုအနေဖြင့်လူတစ်ဦး၏ရာဇဝင်နှင့်ဆွေမျိုးအသိုင်းအဝိုင်းအားကိုယ်လိုရာပုံဖေါ်ရေးသားနေခြင်းမှာမီဒီယာကျင့် ဝတ်နှင့်မကိုက်ညီသည့်အပြင်၊ အချက်အလက်အမှားများကိုရေးသားဖေါ်ပြခြင်းဖြစ်၍ကျင့်ဝတ်ဖေါက်ဖျက်ခြင်းဖြစ်ပါကြောင်းနှင့် Myanmar Now ၏ရေးသားပုံမှာ ဝါဒရေးရာနှင့်ရောထွေးပြီး ဦးမောင်ဝိတ်အားပုဂ္ဂိုလ်ရေးနစ်နာ စေရန်ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း သာဖြစ်သည် ဟုယူဆပါကြောင်း”ကျမယဉ်မင်းသီကပြောလိုက်ပါသည်။
ကျမအနေနဲ့ဤမျှရှည်သောစာအားရေးသားလိုက်ရခြင်းမှာပထမဆုံးအကြိမ်ဖြစ်ပြီး၊ ကျမအနေနဲ့မသိချင်ယောင် ဆောင်နေပါက ကျမသည်လူ့အခွင့်အရေးနဲမထိုက်တန်သူဖြစ်သွားပေလိမ့်မည်။ ကျမ အနေနဲ့ မခံစားနိုင် တော့ သဖြင့်ရေးသားခြင်းဖြစ်ပါသည်။
Emerald Boutique House ရဲ့ မင်တက်ဖွယ် သဘာ၀ကျကျ ရတနာလက်ရာများ





