ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းအပ်နှံရေးရက်သတ္တပါတ် စတင်ဇွန်(၁)ရက်တွင် အခြေခံပညာကျောင်းများအားလုံးဖွင့်လှစ်မည်

ယနေ့မေလ ၂၃ရက်ကစပြီး ကျောင်းနေအရွယ်ကလေးများအားလုံး၏ ကျောင်းအပ်နှံရေးရက်သတ္တပါတ်ကို စတင်နေပြီဖြစ်သည်။

ငွေကြေးတစ်စုံတစ်ရာလုံးဝမပေးရသည့် အခမဲ့ပညာရေးစနစ်တွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းဝတ်စုံနှင့်အတူဖတ်စာအုပ်၊စာအုပ်နှင့်ခဲတံစသည်တို့ပါ ရရှိမည်ဖြစ်သည်။

၅နှစ်အရွယ် ကလေးများအား သူငယ်တန်း KG သို့အပ်နှံရန်၊၆နှစ်အရွယ် ကလေးများကို Grade-1သို့အပ်နှံရန် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။

မိုခါမုန်တိုင်းသင့်ရာ ရခိုင်ပြည်နယ်တွင်လည်း စာသင်ကျောင်းများအမြန်ဆုံးဖွင့်နိုင်ရေး ပြည်နယ်အစိုးရက သက်ဆိုင်ရာနှင့်ဆောင်ရွက်နေပြီး အချို့သောကျောင်းများတွင် ယနေ့ ကျောင်းအပ်နှံမှုကိုပင် ပြုလုပ်နေကြသည်ကိုတွေ့ရသည်။

အခြေခံပညာကျောင်းများမည်းတူ တက္ကသိုလ်၊ကောလိပ်များသည်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများပြုလုပ်နေကြသည်ကိုတွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *