ယနေ့မေလေ ၂၆ ရက် မွန်းလွဲ ၂ နာရီကျော်အချိန်ကပဲခူးတိုင်းဒေသကြီး၊အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာနေ မဝတ်ရည်ဝင်း နှင့် မဝေဟင်ဝင်း တို့နှစ်ဦး တောင်ငူမြို့မှ ကလေးကျောင်းသုံးပစည်းများဝယ်ယူ၍ ပြန်လာစဉ် အင်ဒိုင်းကျေးရွာထိပ် အနီးသို့ရောက် ရှိစဉ်ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အနောက်မှ အမျိုးသား(၂)ဦး စီးနင်းလာသောဆိုင်ကယ်တစ်စီးက ရုတ်တစ်ရက်ကပ်လာပြီး နောက်မှထိုင်လိုက်လာသည့် မဝေဟင်ဝင်း၏ ဆွဲကြိုးကို ဖြတ်ပြေးခဲ့ကြောင်းသိရသည်။
ယင်းသို့ဆွဲကြိုးဖြတ်ပြေးစဉ်မဝတ်ရည်ဝင်း မောင်းသောဆိုင်ကယ် တိမ်းမှောက်ရာ မဝတ်ရည်ဝင်း မှာ ဦးခေါင်း ထိခိုက် သတိလစ်(စိုးရိမ်ရ) ၊ မဝေဟင်ဝင်း မှာ ယာဘက်ပါးပြင် ဆုတ်ပြဲဒဏ်ရာများရ(မစိုးရိမ်ရ) ရရှိသဖြင့် အခင်းဖြစ်အရပ်မှ တောင်ငူဆေးရုံကြီးသို့ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း ယာဉ်ဖြင့် အရေးပေါ် အချိန်မှီ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
“စိတ်မကောင်းစရာပါပဲ။ဆရာမ ဝတ်ရည်ဝင်း က ဒဏ်ရာရတာ ဦးခေါင်းဆိုတော့ပြင်းထန်တယ်၊အခုတော့ ထင်တဲ့အတိုင်း ဆုံးသွားပါပြီ”ဟု လိုက်ပါကူညီသူတစ်ဦးကပြောသည်။









