ကျောင်းကုန်းမြို့နယ်မှာ လူမှုကူညီရေးအသင်းကားနဲ့တိုက်မိပြီး အသက်၆၀ခန့်အရွယ်အမျိုးသားတစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ နယ်၊ရင်ဆိုင်အုပ်စု၊ သဲကုန်းကျေးရွာအနီး ကားလမ်းပေါ်မှာ ဒီဇင်ဘာလ၂၁ရက်ည၁၁နာရီခန့်က လူမှုကူညီရေးအသင်းကားတစ်စီးနဲ့ တိုက်မိပြီး အသက် ၆၀ခန့်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ၂၁ရက်ည၁၁နာရီခန့်က ကျောင်းကုန်းမြို့ နယ်၊ရင်ဆိုင်အုပ်စု၊ သဲကုန်းကျေးရွာအနီး ကားလမ်းပေါ်မှာ ပုသိမ်ကနေ ရန်ကုန်ကို လူနာပို့ဖို့ မောင်းနှင်လာတဲ့ …အ သင်းက လူနာတင်ယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးတဲ့အသက်၆၀ခန့်အ ရွယ်အမျိုးသားတစ်ဦးကို တိုက်မိခဲ့ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ကာ လမ်းဖြတ်ကူးသူအမျိုးသား ကားနဲ့တိုက်မိခဲ့ပြီး အခင်းဖြစ်ပွားရာမှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

ယာဥ်တိုက်မှူဖြစ်ပွားပြီးနောက် လူနာတင်ယာဥ်မောင်းတဲ့ ယာဥ်မောင်းဟာ ထွက်ပြေးသွားခဲ့ပေမယ့် သက် ဆိုင်ရာအ သင်းနဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ခဲ့ရာ ယာဥ်မောင်းဖြစ်သူကိုပြန်လည်ဖမ်းမိခဲ့တာကြောင့် ကျောင်းကုန်းမြို့မရဲစခန်းမှာယာဉ်(ပ) ၂၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Visited 27 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *