ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့မှာ နိုဝင်ဘာ လ၂၇ရက်နေ့ နေ့လယ်၁၂နာရီက လက်နက်ကြီး ကျည် ထိမှန်လို့ သံဃာတော်တော်တစ်ပါးနဲ့ ဒေသခံနှစ်ဦး ထိ ခိုက်ဒဏ် ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ခွဲ စိတ်ကုသမှုခံယူခဲ့ရတယ်လို့ တအောဝ်းအမျိုးသမီးအဖွဲ့အစည်းဆီက သိရပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့ကြသူတွေကတော့ နမ့်ဟူးကျေးရွာ တောရဘုန်းကြီးကျောင်းက ဦးဇင်းဦးကောဿနဟာလက်နဲ့ခြေ ထောက်ဒဏ်ရာရခဲ့ပြီး၊ လွယ်ခေါ်ကျေးရွာမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့ဗူးခါးကျေးရွာမှာနေ ထိုင်တဲ့အမျိုးသားတဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ (၂၈) ရက်နေ့ကလည်း ကျောက်မဲမြို့တိုးဂိတ်မှာ လက်နက်ကြီး ကျည်ကျရောက်ခဲ့ပြီး ပေါက်ကွဲမှုဖြစ် ပွားခဲ့တာပြောင့် တိုးဂိတ်စန်ထမ်း(၄)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ကျောက်မဲမြို့ပေါ်မှာတိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် လက်နက်ကြီး သေနတ်ပစ်ခတ်သံတွေကိုတော့ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။



