ကျောက်မဲမြို့မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ နေအိမ်တစ်လုံးနဲ့အိမ်စီးကားတစ်စီး ပျက်စီးခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲမြို့၊ငြိမ်းချမ်းရေးကုန်းဘုရားအနီးမှာ ဒီဇင်ဘာလ၆ရက်မနက်၆နာရီက လက် နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၁ လုံးနဲ့အိမ်စီးကားတစ်စီး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဒီမနက် ၆ နာရီကတည်းက စပစ်တာ၊ တိုက်ပွဲလဲမဖြစ်ဘူး။လက်ဖက်ခြံတွေမှာ ကျ​ရောက်ပေါက်ကွဲတာရှိတယ်လို့ ကြားတယ် “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့နယ် အနီးတစ်ဝိုက် ကျေးရွာတွေမှာ လက် နက်ကြီးတွေ ပစ်ခတ်သံတွေကြားနေရတယ်လို့ဆိုပြီး ဒီနေ့မနက်ပိုင်းမှာ ငြိမ်းချမ်းရေးကုန်းအပြင် ကြူရှောရွာ၊ ဟူးကွက်ရွာဘက်မှ ပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *