ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်း မြန်မာ-တရုတ်လက်မှတ်ရေးထိုး

၂၇ ဒီဇင်ဘာ၊၂၀၂၃

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) အား နေပြည်တော်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံတာဝန်ရှိသူများ ဒီဇင်ဘာ၂၆ရက်က လက်မှတ်ရေးထိုးကြသည်။

ယခုလက်မှတ်ရေးထိုးမှုသည် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်၍ ယခင်လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်အား China International Trust Investment Corporation – CITIC နှင့် ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် နောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာနိုင်ငံမှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံမှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြသည်။

စီမံကိန်းပြီးစီးသွားလျှင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မီ ရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဟုသိရသည်။

ရလဒ်အနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှတဆင့် တောင်အာရှ၊ အနောက်အာရှနှင့် အာဖရိကမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို တရုတ်ပြည်မကြီးသို့ အချိန်နှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *