ကျောက်ပန်းတောင်းမြို့နယ်မှာ ဆည်ပေါက်ချောင်းရေလျှံ ပြီး ကားလမ်းရေကျော်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးမှာ စက်တင်ဘာ လ၂၈ရက်မွန်းလွဲ၂နာရီ၂၀မိနစ်က မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဆည်ပေါက်ချောင်းရေလျှံပြီး ကျောက်ပန်းတောင်း-ပုပ္ပါး-မြင်းခြံကားလမ်းရေကျော်မှု ဖြစ်ပွားခဲ့တယ် လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

ကားလမ်းရေကျော်မှုဖြစ်ပွားရာမှာ ခရီးသွားယာဉ်များ အ ဆင်ပြေစွာဖြတ်သန်းသွားလာနိုင်ရေးအတွက် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ နဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *