မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ရေကျော်ချောင်းမှာအောက်တိုဘာလ၁၀ရက်မနက်၈နာရီ၁၅မိနစ်က ရေစီးနဲ့အတူမျောပါသွားပြီး သေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖြစ်စဥ်မှာ အောက်တိုဘာလ၉ရက်ညနေ၅နာရီ၄၅မိနရ်ကကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ရေကျော်ချောင်း ချောင်းရေကျချိန်မှာ လမ်း ဖြတ်ကူးခဲ့တဲ့အမျိုးသားတစ်ဦးဟာ ချောင်းရေစီးနဲ့အတူ မျောပါသွားပြီး ပျောက်ဆုံးသွားရာကနေ အောက်တိုဘာ လ၁၀ရက်မနက်၈နာရီ၁၅မိနစ်မှာ သေဆုံးနေတဲ့ ရုပ်အ လောင်းကိုသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။
ရေစီးနဲ့အတူမျောပါသွားခဲ့တဲ့အမျိုးသားကို ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများနှင့်ပူးပေါင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ သေဆုံးသွားသူအမျိုးသားရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာကြောင့်သုဂတိရှင်နာရေးကူညီမှုအသင်းကယာဉ်ိဲ့ ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။