ကျောက်တံတားအခွန်ဦးစီးမှူးရုံးပေါက်ကွဲမှုကြောင့် ဝန်ထမ်းများနှင့်အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ပန်းဆိုးတန်းလမ်း(အလယ်)အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာန၊ အများ ပြည်သူ သံထိုင်ခုံများဘေးတွင် ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့်ဝန်ထမ်းများနှင့်အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဒဏ်ရာ ရသူများမှာ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ ဝန်ထမ်းများဖြစ်သည့် မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး) ၃၀ နှစ်၊(ဘ)ဦးတင်ဝင်း၊ မမြတ်မှူးခင်၊ ၃၀ နှစ်၊(ဘ)ဦးအောင်စိုးမြင့်၊ ဒေါ်ခင်လတ်၊ ၆၁ နှစ်(ဘ)ဦးဘသိန်း၊ မအဉ္စန၊ ၃၀ နှစ်၊(ဘ)ဦးအောင်မျိုး၊ ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် မဆုနှင်းဦး၊ ၂၀ နှစ်၊(ဘ)ဦးဖြိုးနိုင်ဦးနှင့် မချယ်ရီ၊ ၃၀ နှစ်၊(ဘ)ဦးကြာ(မဒီ ကားအငှားဝန်ဆောင်မှု ကုမ္ပဏီဝန်ထမ်း)တို့ ၆ ဦး တို့ ဖြစ်ကြောင်း သိရသည်။

ယင်းတို့တွင် ပေါက်ကွဲမှု ဖြစ်စဉ်မှ အစထိမှန် ဒဏ်ရာများ ရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊လက်ရှိတွင် ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *