ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ကမွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံတွင် စက်တင်ဘာလ၉ရက်နေ့ မွန်းလွဲပိုင်းက မီးလောင် မှုတွင် ဆေးရုံမှာ ဆေးဝါးကုသနေဆဲလူနာ အချို့ကို လူမှုရေးအသင်းအဖွဲ့များက မော်တော်ယာဉ်များဖြင့် ဘေးလွတ်ရာနေရာများသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။



ထိုသို့ရွှေ့ပြောင်းရာတွင် သက်သာသော လူနာများကို နေအိမ်သို့လည်းကောင်း၊ဆေးဝါးကုသမှုခံယူရန်ဆက်လက်လိုအပ်သော လူနာများကို ဆေးရုံများသို့လည်းကောင်း ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


မွတ်စ်လင်ကုသိုလ်ဖြစ်ဆေးရုံ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ မွေးလူနာအခန်း၏ ထပ်ခိုးအတွင်းမှ လျှပ်စစ်ဝါယာရှော့ကြောင့် ဖြစ်ကြောင်းလည်း သိရသည်။