ကျောက်တံခါးမြို့နယ်က ဓာတ်အားခွဲရုံ Drop Bombနဲ့ တိုက်ခိုက်ခံရပြီး ဝန်ထမ်းသုံး ယောက် ထိခိုက်ဒဏ်ရာရ

Drop Bomb (၆) လုံးနဲ့တိုက်ခိုက်ခဲ့ တာဖြစ်ပြီး (၄) လုံးပေါက်ကွဲခဲ့

ထိခိုက်ဒဏ်ရာရသွားသူ အမျိုးသမီးကို တွေ့ရပုံ
ဓါတ်ပုံ။Thet Phyoe Kyaing

ကျောက်တံခါး၊ ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ကျောက်တံခါးမြို့နယ်၊ကန်ကလေးကျေးရွာအုပ်စု၊ သယာကုန်းကျေးရွာ က လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ စီမံကိန်းမန်နေဂျာ ရုံး(၂)ရှိ လျှပ်စစ်ဓာတ်အား ပင်မဓာတ် အားခွဲရုံ SWIT YART (ဓာတ်အားပို့လွှတ် နေရာ)ကို ဧပြီလ၄ရက် ညပိုင်းက လက်လုပ် Drop Bomb (၆) လုံးနဲ့ ပစ်ချတိုက်ခိုက်ခံ ခဲ့ရပြီး Drop Bomb (၄)လုံးပေါက်ကွဲခဲ့ပြီး ကျန်(၂)လုံးမှာ ပေါက်ကွဲမှု မရှိခဲ့ဘူးလို့ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရ ပါ တယ်။

ဘယ်အဖွဲ့က ဘာရည်ရွယ်ချက်နဲ့ လျှပ်စစ် ဓာတ်အားခွဲရုံကို Drop Bombနဲ့ တိုက်ခိုက်ခဲ့ တယ်ဆိုတာကိုတော့ မသိရ သေးပါဘူး။

Drop Bomb (၄)လုံးပေါက်ကွဲမှုကြောင့် လျှပ်စစ်ဓာတ်ခွဲရုံအတွင်းမှာ ရှိနေတဲ့ လျှပ်စစ်ဝန်ထမ်းတွေဖြစ်တဲ့ ဒေါ်နီနီမြင့် လ/ထ ညွှန်မှူး (အတွင်းလူနာ/စိုးရိမ်ရ)၊ ကိုသက်ပိုင်ဦး လျှပ်စစ်ကျွမ်းကျင်(၄) (အတွင်းလူနာ/စိုးရိမ်ရ)၊ မောင်ဖူးပြည့်အောင် လျှပ်စစ်လုပ်သား(အတွင်းလူနာ/မစိုးရိမ်ရ)တို့မှာ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ကျောက်တံခါး မြို့နယ်ပြည်သူ့ဆေးရုံ ကြီး က နေ တောင်ငူမြို့၊ကုတင်(၅၀၀)ဆေးရုံ ကြီးကို လွှဲပြောင်းပို့ဆောင်ကုသေပေးခဲ့ရ ပါတယ်။

Drop Bombပေါက်ကွဲမှုမှာ လျှပ်စစ်ဝန် ထမ်းတွေ ဒဏ်ရာရရှိခဲ့တဲ့အပြင် လျှပ်စစ် ဓာတ်အားပင်မဓာတ်အားခွဲရုံအတွင်းက SWIT YART (ဓာတ်အားပို့လွှတ်နေရာ) က 60 KVA (၃) လုံး၊ 100 KVA ( ၁)လုံးနဲ့ 500 KVA (၁)လုံးတို့ကို မိုင်းစများ ထိမှန် ခဲ့တဲ့ အ တွက် ဆီယိုဆိမ့်မှုဖြစ်ပွားခဲ့ပြီး လျှပ်စစ် ဓာတ်အားပို့လွှတ်မှုတွေ ပြတ်တောက် သွားခဲ့တယ်လို့လည်း သိရပါတယ်။