ကျောက်ဆည်မှာ ကျေးရွာမီးလင်းရေး အဖွဲ့ ဝင်အမျိုးသားတစ်ယောက် သေနတ် နဲ့ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်မြို့နယ်၊ ပတ္တာကျေးရွာအနီး၊ ကျောက်ဆည်-စက်မှုဇုံသွားကားလမ်း ပေါ်မှာ ဇူလိုင်လ၁၅ရက် မနက်၁၁နာရီ ၂၀မိနစ်က ကျေးရွာမီးလင်းရေးအဖွဲ့ဝင် အမျိုးသားတစ်ယောက် သေနတ်နဲ့ ပစ် သတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။

သေနတ်နဲ့ပစ်သတ်ခံရသူမှာ ကျောက် ဆည်မြို့နယ်၊ရဲဘော်ကျေးရွာနေ ကြံ့ခိုင်ရေး ပါတီဝင်ဦးမျိုးအောင်(၄၇နှစ်)၊ ကျေးရွာ မီးလင်းရေးကော်မတီဝင်တစ်ယောက် ဖြစ်ပြီး ကျေးရွာက မီတာကြေးကောက်ခံ ရငွေများကို ကျောက်ဆည်မြို့နယ်၊ လျှပ် စစ်ရုံးကိ သွားသွင်း ပြီးအပြန် နောက်ကနေ ဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ အမည်မသိ အမျိုးသားနှစ်ယောက်က သေနတ်နဲ့ ပစ် သတ်ခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ ဦးမျိုးအောင်ဟာ ရင်ညွန့် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝမ်း ဗိုက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ လက် မောင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ လည် ပင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့နဲ့ အ ခင်းဖြစ်နေရာမှာ သေဆုံးခဲ့ရပြီး အခင်း ဖြစ်နေရာအနီးမှာ LUGER ကျည်ခွံ ၂ခု တွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *