မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ မြို့ရှောင်လမ်း မှာ ဒီဇင်ဘာ၈ရက်မနက် ၇နာရီ၅၉မိနစ်က ဆီသယ်ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဥ်ရဲ့နောက်တွဲ ဆီဘောက်ဆာ မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။



ဆီသယ်ယာဥ် မီးလောင်မှုဖြစ်ပွားရာကို ကျောက်ဆည်ခရိုင် /မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ရေသယ်ယာဉ် (၄)စီး၊ စဉ့်ကိုင်မြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးတို့နဲ့ထွက်ခွာငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Visited 22 times, 1 visit(s) today



