ကျောက်ဆည်မြို့နယ်မှာ လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

ကျောက်ဆည်မြို့နယ်၊ ပြည်ပန်းကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်းနဲ့မြို့ရှောင်လမ်းဆုံနေရာမှာ ဇန်နဝါရီလ ၂၂ရက် မနက်၈နာရီ၅၀မိနစ်က ယာဥ်များကို စစ်ဆေးနေတဲ့ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အနက်ရောင်မော်တော်ယာဉ်ပေါ်ကနေ လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခဲ့ပြီး ကျောက်ဆည်ဘက်ကနေ ကူမဲဘက်ကို ထွက်ပြေးသွားခဲ့ပြီး လက်လုပ်မိုင်းမှာ လမ်းယာဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောက်ဆည်ဘက်က ဆိုင်ကယ်မောင်းနှင်လာတဲ့ ပြည်သူတစ်ဦး ထိမှန်ခဲ့ တာလို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူကို လူနာတင်ယာဥ်နဲ့ ကျောက်ဆည်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *