ကျောက်ဆည်ဆင်အကလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့တွင် ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အောက်တို ဘာလ၂၈ရက် မနက်၈နာရီက ပြိုင်ပွဲဝင်ဆင်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ဆင်အကအလှပြိုင်ပွဲတွင် ဆင် ၁၇ စီး၊ ဂုဏ်ပြုဆင် ၂စီး၊သက်ကြီးဆင် ၂စီး၊ ဧည့်ခံဆင် ၃ စီး၊ ကျောက်ဆည် မြို့မဈေးကြီးကို သုံးပတ်လှည့်လည်ရာမှာ ပါဝင်ဆင်နွှဲမယ့် ဆင် ၇၇ စီး စုစုပေါင်းဆင် ၁၀၁ စီးတို့ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဆင်အကအလှပြိုင်ပွဲပြီးနောက် အောက်တိုဘာ၂၉ရက် (သီတင်းကျွတ်လပြည့်နေ့)မှာ ဆင်လှူပွဲတော်ကြီး ကျင်း ပသွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ ရိုးရာပွဲတော်များထဲမှာ ကျောက်ဆည်ဆင်အကလှပြိုင်ပွဲဟာ မြန်မာနိုင်ငံတွင်သာမကဘဲ နိုင်ငံတကာထိပါ လူသိများထင်ရှားတဲ့ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *