ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊ကျောက်ကြီး- နတ်သံကွင်းကားလမ်း မိုင်တိုင်အမှတ်(၁၅/၄)မှာရှိတဲ့ အလျား ၅ ပေ အကျယ် ၄၀ ပေ၊ ကွန်ကရစ် ပြွန် ပေါက် သဲကုန်းတံတားကို ဇူလိုင်၇ရက် မနက်ပိုင်းက အကြမ်းဖက်လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းထောင်ပြီး ဖောက် ခွဲဖျက်ဆီးတာကို ခံခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
မိုင်းထောင်ဖျက်ဆီးခံခဲ့ရတဲ့ သဲကုန်းတံ တားဟာအလယ်ကနေကျိုးပြီး ပျက်စီး သွားခဲ့တာကြောင့် လူနဲ့ယာဉ်တွေ ဖြတ သန်းသွားလာလို့ မရတော့ဘူးလို့လည်း သိရပါတယ်။
အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ ဇူလိုင်လ ၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့ နယ်၊ ကျိုက်ထီးရိုးဘုရားတောင်တက် လမ်းက လေးဖာတောတံတားကိုလည်း မိုင်းထောင်ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။
