Drop Bombချပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အနီးမှာဖြတ်သန်းသွားလာနေတဲ့သားအမိနှစ်ယောက် ထိခိုက်ဒဏ်ရာရရန်ကုန်-မော်လမြိုင်သွားကားလမ်း ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်ကြား၊ဘီးလင်းမြို့နယ်၊ ဒုံဝန်းကျေး ရွာနဲ့ရွှေရောင်ပြကျေးရွာကြား၊ မိုင်တိုင်အမှတ် ၁၃၁/ ၆နဲ့၁၃၁/၇ကြားက ကျုံအိပ်တံတားကို ပြုပြင်နေတဲ့တံတားပြုရေးအဖွဲ့ကို ဇူလိုင်၉ရက်မနက်၁၀နာရီ၂၀မိနစ်မှာ KNUတပ်မဟာ(၁)၊KNLA/PDFပူးပေါင်းအဖွဲ့က Drop Bombချပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် အနီးမှာဖြတ်သန်းသွားလာနေတဲ့သားအမိနှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း တံတားပြုပြင်ရေးအဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပေမယ့် သထုံမြို့နယ်နေ ဘီးလင်းမြို့နယ်ဘက်ကို ပြန်လာတဲ့ဘေးတွဲသုံးဘီးဆိုင်ကယ် ယာဉ်မောင်း နေထွန်းအောင်၊ ၂၃ နှစ်မှာ ယာခြေသလုံး ပွန်းပဲ့ဒဏ်ရာ၊ ဝဲနံဘေးရှပ်ထိပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)နဲ့မိခင်ဖြစ်သူ ဒေါ်ပန်းဝါ၊ ၅၃နှစ်မှာ ဝဲနှာခေါင်းဘေး ရှပ်ထိပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဘီးလင်းမြို့နယ်နဲ့သထုံမြို့နယ်ကြားက ကျုံအိတ်တံတားကို KNUတပ်မဟာ(၁)၊KNLA/PDFပူးပေါင်းအဖွဲ့က Drop Bombချပြီး တိုက်ခိုက်ခံခဲ့ရတာဟာ အခုအကြိမ်အပါအဝင် သုံးကြိမ်မြောက်ရှိခဲ့ပြီး ဇွန်လ၂၉ရက်နေ့က တိုက်ခိုက်မှုမှာ သထုံခရိုင်လမ်းဦးစီးမှူးတစ်ဦးသေဆုံးခဲ့ပြီး ၂၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇူလိုင်လ(၇)ရက်နေ့က တိုက်ခိုက်မှုမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

