ကျိုင်းတုံမြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိတဲ့မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြေငလျင်စခန်းမှ အ နောက်မြောက်ဘက် (၇) မိုင်ခန့်ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အနောက်မြောက်ဘက် (၈) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၃၄) ဒီဂရီ၊အ ရှေ့လောင် ဂျီတွဒ် (၉၉.၅၀) ဒီဂရီ၊ အနက် (၂၅) ကီလိုမီ တာကို ဗဟိုပြုပြီး နိုဝင်ဘာလ၁၇ရက်နေ့ မနက် ၈နာ ရီ၇မိနစ်က အင်အား ရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား သွားခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကျိုင်းတုံမြို့နေပြည်သူတစ်ဦး”တစ်မြို့လုံးကို လှုပ်နှိုးလိုက်သလိုပဲ ခါယမ်းသွားတာပဲ တော်တော်ကြမ်းတယ်။ကြောက်စရာလည်း ကောင်းတယ်။ပြည်သူတွေ ဘေးအန္တရာယ်ကင်းကြပါစေ”လို့ ပြောကြားခဲ့ပါတယ်။

“ဒီမနက်ပိုင်း လှုပ်ခဲ့တဲ့ငလျင်ကို ရှမ်းအရှေ့မှာရှိတဲ့ မြို့တွေရွာတွေက ပြည်သူတွေ တော်တော်များများ ခံစားခဲ့ကြရတယ်။ငလျင်လှုပ်သွားတာ လေးငါးလောက်တော့ရှိတယ်”လို့မြို့ခံတစ်ဦးက ပြောပါတယ်။

ကျိုင်းတုံမြေငလျင်စခန်းရဲ့ တိုင်းထွာချက်များအရ ဇွန်လ ၃၀ရက်၊ဇူလိုင်လ ၂၁ရက်နဲ့သြဂုတ်လ၂ရက်တို့ကလည်း ကျိုင်းတုံမြို့အနီးကို ဗဟိုပြုပြီး အင်အားအသင့်အတင့် ရှိတဲ့ မြေငလျင်လှုပ်ရှားမှုများ ဖြစ်ပွားခဲ့သေးတယ်လို့ မိုးဇလ ရဲ့သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *