ကျိုင်းတုံမြို့ရှောင်လမ်းမှာ ဆိုင်ကယ်လဲပြီး အမျိုးသားတစ်ဦး သေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့၊မြို့ရှောင်လမ်းမှာ အောက်တိုဘာလ၃၁ရက်မနက်၈နာရီခွဲက အမျိုး သားတစ်ဦး ဆိုင်ကယ်လဲပြီး အခင်းဖြစ်နေရာမှာ သေ ဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

Photo- တိုင်းနေနာရေးကူညီမှုအသင်း

“ဆိုင်ကယ်လဲပြီး သေဆုံးသွားတာ ဘယ်သူမှန်းလဲတော့မသိဘူး။မိသားစုဝင်တွေနဲ့ လောလောဆယ်တော့ အ ဆက်အသွယ်မရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်လဲပြီးသေဆုံးသွားခဲ့တဲ့ အမျိုးသား စီးနင်းလာတဲ့ ဆိုင်ကယ်နံပါတ်မှာ ၃၇ယ/၇၇၂၀၉ ဖြူနီကြားဆိုင်ကယ်ဖြစ်ပြီး ရုပ်အလောင်းကို တိုင်းနေနာရေးကူညီမှုအသင်းက မော် တော်ယာဥ်နဲ့ ကျိုင်းတုံဆေးရုံ‌ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *