ကျိုင်းတုံမြို့နယ်၊ကျိုင်းတုံ-မိုင်းဆတ်ကားလမ်းမှာ ကျပ်၁၅ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနဲ့ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

■ဖမ်းဆီးရမိတဲ့လက်နက်ခဲယမ်းများမှာ M 16 သေ နတ် ၁ လက်နဲ့ကျည် ၃၀ တောင့်၊ M 22 သေနတ် ၁ လက်နဲ့ကျည် ၃၀ တောင့်တို့ဖြစ်

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့လယ် ၁၂နာရီက မူးယစ်ဆေးဝါးများ သယ်ဆောင်လာမယ်လို့ သတင်းရရှိတာကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွားကားလမ်း၊ နားကော်(၃)ရွာအနီးမှာ စောင့်ဆိုင်းနေချိန် သ တင်းရရှိထားတဲ့ TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာတာကို ရှာဖွေခဲ့ရာ အားစော နှင့် အားကော် တို့ သယ်ဆောင်လာတဲ့ ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ တုံး၊ အ လေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ M 22 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်တို့ကို သိမ်း ဆည်းရမိခဲ့တာလို့ သိရပါတယ်။

မူးယစ်ဆေးဝါးများနဲ့ လက်နက်/ခဲယမ်းများကို သယ် ဆောင်လာသူနှစ်ဦးကို တည်ဆဲဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက် လက်စစ်ဆေးဖော် ထုတ်နေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *