ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံမြို့နယ်၊မိုင်းခွန်အုပ် စု၊ ဝမ်လင်ရွာက လယ်တောမှာ အောက်တိုဘာလ၂၄ ရက် မနက်၁၀နာရီခန့်က ဓါးဒဏ်ရာများနဲ့ သေဆုံးနေတဲ့ အမျိုး သားတစ်ဦးရုပ်အ လောင်းတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


သေဆုံးနေသူမှာ ကျိုင်းတုံမြို့နယ်၊မိုင်းခွန်အုပ်စု၊ဝမ်လင်ရွာနေ အသက်၄၀နစ်အရွယ် ဦးမော့ရှယ်ဆိုသူဖြစ်ပြီး လယ်တောမှာ ညအိပ်စောင့်ရင်း ဓါးနဲ့ခုတ်ခံရပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ရုပ်အလောင်းကို တိုင်းနေနာရေးကူညီမှုအသင်းက မော် တော်ယာဥ်နဲ့ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 2 times, 1 visit(s) today