ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း စကားများရန်ဖြစ်ရာမှ သားဖြစ်သူက အမေအရင်းဖြစ်သူအား တုတ်ဖြင့်ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်း သိရသည်။


ဇွန်လ ၁၂ရက်နေ့ ည ၉နာရီခွဲအချိန်က ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စုရှိ ပန်လီကျေးရွာမှာ အသက်(၃၀)နှစ်အရွယ်ရှိ သားဖြစ်သူ အာမုတ်ဆိုသူက အမေအရင်းအား သတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


သားဖြစ်သူ မူးယစ်ဆေးဝါးသုံးစွဲထားပြီး မိခင်ဖြစ်သူနဲ့ စကားများရန်ဖြစ်ရာက မိခင်၏ဦးခေါင်းကို တုတ်ဖြင့်ရိုက်သတ်ခဲ့ကြောင်းဖြစ်ပြီးပြစ်မှုကျူးလွန်သူ အသက် ၃၀နှစ်အရွယ်ရှိ အာမုတ်အား ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။



သေဆုံးသွားသည့် မိခင်ရဲ့ ရုပ်အလောင်းကို ဆရာဝန်များ စစ်ဆေးရန်ကျိုင်းတုံဆေးရုံ မော်ကြူရီခန်းသို့ အသင်းက ကူညီပို့ဆောင်ခဲ့ကြောင်းလည်းသိရသည်။