ကျိုင်းတုံက နှင်းဆီရွှေဆိုင် ဓါးပြတိုက်သူများကို ဓားပြတိုက်အပြီး နာရီပိုင်းတွင် ဖမ်းဆီးရမိ

မေ(၁၅)၊ကျိုင်းတုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ လွိုင်မွေလမ်းရှိ နှင်းဆီရွှေဆိုင်မှာ မေ လ၁၄ရက်ညနေ၄နာရီခွဲက ဓါးပြတိုက်သွားသူများကို ဓားပြတိုက်အပြီးနာရီပိုင်းအ တွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ မေ၁၄ရက်ညနေ၄နာရီခွဲခန့်က ကျိုင်းတုံမြို့၊ အ မှတ် (၂)ရပ်ကွက်၊ လွိုင်မွေလမ်းရှိ နှင်းဆီရွှေဆိုင်ကို နှာ ခေါင်းစည်း(Mask)များတပ်ဆင်ထားတဲ့ လူငယ်သုံးဦး (Click)ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နှစ်လက်ကို ပစ်ဖောက်ပြီး ဆိုင်အတွင်းက မှန်ဘီရိုအားရိုက်ခွဲကာ ရွှေထည်ပစ္စည်းများကို ဓားပြတိုက်လုယက်ယူဆောင်သွားခဲ့ရာ လုံ ခြုံရေးတပ်ဖွဲ့ဝင်များနဲ့ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့များဟာ မြို့တွင်းမှာ ပူးပေါင်းစစ်ဆေးခြင်း၊ မြို့ဝင်ထွက်ဂိတ်များမှာ ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လူငယ် ၃ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နာရီပိုင်းအတွင်း ဖမ်း ဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့လူငယ်၃ဦးကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စီစဥ်ဆောင် ရွက်နေတယ်လို့ သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *