မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ရှိ ဘင် ကလန်ရေတံခွန်ကို လာရောက် လည် ပတ်တဲ့ အမျိုးသားတစ်ယောက်ဟာ ရေတံခွန်ပေါ်မှာ သူငယ်ချင်းများနဲ့အတူ ဓာတ်ပုံရိုက်ရင်း ချော်လဲပြုတ်ကျပြီး ရေ စီးအတိုင်းမျောပါကာ ရေတံခွန်အောက် ခြေကို ပြုတ်ကျပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် တစ်ခုဇူလိုင်လ၁၄ရက် နေ့လယ်၂နာရီက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေတံခွန်ပေါ်ကနေအောက်ကိုပြုတ်ကျခဲ့သူအမျိုးသားဟာကျိုက်မရောမြို့နယ်၊ပိန္နဲ ကုန်းကျေးရွာက မျိုးသန့်ဇင်ဆိုသူဖြစ်ပြီး ပေါင်ကျိုးပြီးဦးခေါင်းကွဲအက်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ရတာဖြစ်ပြီး ရုပ်အလောင်း ကို လူမှုရေးအသင်းကမော်တော်ယာဉ်နဲ့ နေအိမ်ကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါ တယ်။