■လူသတ်တရားခံကို မဖမ်းမိသေးဘဲ စစ်ဆေးစုံစမ်းနေဆဲဖြစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့၊အောင်သုခရပ်ကွက်၊ ကျွန်းရွာသွားကားလမ်းဘေးက နေအိမ်တစ်လုံးရဲ့ အောက်ထပ်ဧည့်ခန်းအတွင်း ဖေဖော်ဝါရီလ၂၈ရက်မနက်ပိုင်းက အသက် (၅၀)ကျော်အရွယ် အမျိုးသမီးကြီးနှစ်ဦး ဓါးဒဏ်ရာများနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးနေတဲ့အမျိုးသမီးနှစ်ဦးမှာ ဒေါ်ပါးပါးသီ(၅၉) နှစ်နှင့် ဒေါ်လှလှဝင်း(၅၀)နှစ်တို့ဖြစ်ကြပြီး သူတို့နှစ်ဦးဟာ ဘာကြောင့် အသတ်ခံခဲ့ရသလဲဆိုတာ မသိရသေးပါဘူး။
လူသတ်မှူဖြစ်ပွားရာနေရာကို သက်ဆိုင်ရာ လာရောက်စစ်ဆေးပြီးနောက် သေဆုံးသူများရဲ့ရုပ်အလောင်းကို ကျိုက်မရောဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
Visited 27 times, 1 visit(s) today



