ကျိုက်ထီးရိုးတောင်တက်ကားလမ်းအောက်က မြေသားနံရံ များမှာ အက်ကြောင်းလိုက်နေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ အုပ်စု၊ ကျိုက်ထီးရိုးတောင်တက်လမ်း၊ မိုင်တိုင်အမှတ် (၇)မိုင်(၄)ဖာလုံ (ရသေ့တောင်ယာဉ်ရပ်နားစခန်းအနီး)မှာ အောက်တုဘာလ၈ရက်နေ့ မနက်၉နာရီ၁၅မိနစ်ပ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် တောင်တက်ကားလမ်းဘေးအောက်ဘက်က မြေသားနံရံအက်ကြောင်းလိုက်နေပြီး မြေပြိုကျရန်စိုးရိမ်ရတယ်လို့ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

မြေသားနံရံအက်ကြောင်းလိုက်မှုဖြစ်ပွားရာကို ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လမ်းယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးအမှတ်အသားများပြုလုပ်ခြင်း၊ ရေစီးကောင်းမွန်စေရေးအတွက် မြောင်းဖောက်ခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 28 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *