မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးမှာ ဇန်နဝါရီလ၃ရက်မနက်၁၀နာရီက LANDCRUISER PRADOကားတစ်စီးပေါ်ကနေ ကာ လတန်ဖိုးငွေ ကျပ် ၁ဒသမ၇ဘီလီယံ တန်ဖိုးရှိတဲ့စိတ် ကြွရူးသွပ်ဆေးပြားတွေကို မူး ယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ ဇန်နဝါရီလ၃ရက်မနက်၁၀နာရီကမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးမှာ ပဲခူးက ကော့သောင်းကို သူရဝင်း မောင်းနှင်ပြီး သူ့ရဲ့ဇနီး မအေးသန္တာအောင်နဲ့ မဖူးဖူးဝေ တို့လိုက်ပါလာတဲ့ LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်က ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ဇန်နဝါရီလ ၄ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူး ပေါင်းပါဝင်သူများဖြစ်တဲ့ ကိုရှည်(ခ)ကျော်ထက်ကို ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်မှာ လည်းကောင်း၊ ခင်ဇော်မြင့်ကို ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်မှာ လည်း ကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ ဖမ်းမိတရားခံ သူရဝင်းနဲ့အေးသန္တာအောင်တို့ နေ ထိုင်တဲ့ ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သီရိမင်္ဂလာလမ်းသွယ်က နေအိမ်မှာ စိတ်ကြွရူးသွပ်ဆေး ပြားများ သယ်ဆောင်ရောင်းဝယ်ရာမှာ အသုံးပြုတဲ့ TOYOTA FJ CRUISER မော်တော်ယာဉ် ၁ စီး၊ မော် တော်ဆိုင်ကယ် ၂ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆၀၀၀ ဘတ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃၉ မျိုး(တန်ဖိုးငွေ ၉၃၄ သိန်းကျပ်ခန့်)တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည် နယ်၊ တောင်ကြီးက တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းကို သယ်ဆောင်ရောင်းဝယ်တာဖြစ်တယ်လို့ သိရပါတယ်။
စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူအားလုံး မူးယစ်ဆေးဝါးနဲ့စိတိကိုပြောင်း လဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေအရ အ ရေးယူထားပြီး ဆက်စပ်ပါဝင်သူများပိုင်ဆိုင်တဲ့ ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းများနှင့်ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ဆက်လက် အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။



