ကျိုက်ထိုမြို့နယ်မှာ ခရီးသည်တင်ယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့၊ ကျွန်းတောကျေးရွာ၊PT Power စက်သုံးဆီ အရောင်းဆိုင်အနီး၊ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်မှာ နိုဝင် ဘာလ၁ရက်နေ့ ည၉နာရီ၄၀မိနစ်ကခရီးသည်တင်မှန်လုံယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ ခရီးသည်တင်မှန်လုံယာဥ်မှာ အောင်ကျော်မိုး ခရီးသည်တင်ယာဥ်လိုင်းက ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဥ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီး သည် ၄၀ဦးခန့်အနက် အမျိုးသား၄ဦးနဲ့အမျိုး သမီး၄ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့တာကြောင့် လူ နာတင်ယာဥ်များနဲ့ ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကို ပို့ ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *