ကျပ် ၈၇ဒသမ၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေး ကတ်တမင်း ၂ဒသမ၃တန် ရေဖြူမြို့နယ်မှာ ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးမှာ နိုဝင်ဘာလ၂၂ရက် မနက်၁၀ နာရီခန့်ကရေးမှ ထားဝယ်ဘက်ကို မောင်းနှင်လာတဲ့ ကုန်တင်မော် တော်ယာဥ်တစ်စီးပေါ်က ဒေသကာလ တန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန်ကို မူး ယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ၂၂ရက် မနက်၁၀နာရီခန့်က လုံခြုံ ရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စ ခန်းကျေးရွာအနီးမှာ ရေးမှ ထားဝယ်ဘက်ကို ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာတဲ့ SINOTRUK TIPPER မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှာဆားအိတ်များနဲ့ဖုံးအုပ်သယ်ဆောင်လာတဲ့ ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန် ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ချက်အရ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီက ဖမ်းမိခဲ့တဲ့ကက်တမင်းများ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ မနီနီလှိုင်ကို ဘားအံ-မော်လမြိုင်ကားလမ်း၊ ဇာသပြင်တံတားအနီးမှာ TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *