
လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ကျပ်၅၀တန်နဲ့ကျပ်၁၀၀တန်များ ရုပ်သိမ်းတဲ့သတင်းဟာ ကောလဟာလသတင်းအမှားသာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ဆီက သိရပါတယ်။
“၅၀တန်တို့ ၁၀၀တန်တို့ ရုပ်သိမ်းတယ်ဆိုတဲ့သတင်းတော့ ကြားမိပါတယ်။ဒါပေမယ့် ဒီနေ့ခေတ်ကာလထဲမှာ ၅၀တန်နဲ့၁၀၀တန်က ကလေးမုန့်ဖိုး ပေးရင်တောင် ကလေးတွေအ တွက် လုံလောက်မှုမရှိတော့ပါဘူး။ဒါကြောင့် အဲ့သတင်းဟာများများ မှန်မှန်သိပ်ထူးခြားမှုမရှိပါဘူး”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။
ကျပ်၅၀တန်နဲ့ကျပ်၁၀၀တန်များကို စက်တင်ဘာ ၂၉ ရက်နံနက် ၆ နာရီမှစတင်ပြီး ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ်(၂၇/၂၀၂၃)ဖြင့် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၄၁ တို့အရ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ရုတ်သိမ်းလိုက်တယ်ဆိုတဲ့ အမိန့်ကြော်ငြာစာအတုမှာ လူမှုကွန်ယက်စာမျက်နှာများပေါ်မှာ ပျံ့နှံ့ခဲ့တယ်လို့လည်း သိရပါတယ်။
Visited 8 times, 1 visit(s) today