ကျပ်၁၀ ဒသမ ၂၈ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေး ဝါးတွေ မန္တလေးမှာ ဖမ်းဆီးရမိ

■ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေမှာ အိုက်စ်(မက်သ်အဖက်တမင်း)၊စိတ်ကြွရူးသွပ်ဆေးပြားနဲ့ဘိန်းဖြူတွေဖြစ်

မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ က ကာလတန် ဖိုးငွေကျပ် ၁၀ ဒသမ ၂၈ဘီလီယံ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီဇင်ဘာလ၁၆ရက်နေ့က မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်းက နေအိမ် ၂အိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ ဖြစ်စဥ်ကတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်း တည့် ၁၂ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ x ၅၀ လမ်းကြားက အောင်ကျော်မိုး၊ မသိင်္ဂီဝင်း နှင့် မအေးသီတာတို့ရဲ့ နေအိမ်ကို သတင်းအရရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၅၀ ပြားနှင့် မော် တော်ဆိုင်ကယ် ၂ စီးတို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁၁ x ၁၁၂ လမ်းထောင့်က အောင်ထွေး ငှားရမ်းထားတဲ့နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂ဝ ကီ လို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၁၄ သိန်း၊ ဘိန်း ဖြူ ၄ဝ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့တာကြောင့် စုစု ပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၀ ဒသ မ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၂၂ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *