ကျပ်၁၀ဒသမ၄၄ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ထိန်းချုပ်ဓါတုပစ္စည်းများ ဖြန့်ဖြူးရောင်းချတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းဆီးရမိ

ကာလတန်ဖိုးငွေ ကျပ်၁၀ဒသမ၄၄ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ထိန်း ချုပ်ဓါတုပစ္စည်းများ ဖြန့်ဖြူးရောင်းချတဲ့ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကိုနေပြည်တော်၊ရန်ကုန်၊မန္တလေးနဲ့ကလေးမြို့တို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဒီဇင်ဘာ လ၁၂ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင် ဘာလ ၁ ရက်နေ့ ည ၇ နာရီက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးမှာ တင်ဇော်လတ် မောင်းနှင်ပြီး ကျော်စန်းဌေး လိုက်ပါလာတဲ့ CHENGLONG မော်တော် ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှာ ဘိလပ်မြေအိတ်များနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်း တွေ့ရှိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများတာဝန်ခံသယ်ဆောင် သူ ထန်ခိုဆေးကို အဲ့ဒီနေ့ ည ၁၁ နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၂၇ x ၂၈ ကြား၊ ၆၃ (C)လမ်းက Hotel မှာ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာက သူ့ရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှာ အသုံး ပြုတဲ့ TOYOTA LANDCRUISER မော်တော်ယာဉ် ၁ စီးနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကျပ် ၁၂၀၂ သိန်း သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၄ နာရီအချိန် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း (အရှေ့) ရပ်ကွက်နေ ဝင်းအောင် အား စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း၊ PRADOမော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်တဲ့ ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ပုသိမ် ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာနေ သန်းသန်းထွန်း(ခ) အိုက်စိုင်း အား စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သိန်း၊ ဘိန်းဖြူ ၈ ဒသမ ၈ ကီလို၊ SUPER CUSTOM မော်တော်ယာဉ် ၁ စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ လ ၉ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်က မလားဆန်းခူးမီးကို ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ မူး ယစ်ဆေးဝါးများကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့ပြီး ရှမ်း ပြည်နယ်မှ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ် ကိုင်းတိုင်းဒေသကြီးတို့သို့ သယ်ဆောင်ရောင်းဝယ်ပြီး စိတ်ကြွရူးသွပ်ဆေး ပြားထုတ်လုပ်ရာမှာ အသုံးပြုနဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ကလေးမြို့ကနေ ရှမ်းပြည်နယ်ကို သယ်ဆောင်ရောင်းဝယ်နေတာကို သိရပါတယ်။

မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အ ရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိပြီး အမှုမှာဆက် စပ်ပါဝင်သူများနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိတဲ့ ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်လက်အရေးယူနိုင်ရေးဆောင် ရွက်နေတယ်လို့လည်း သိရပါတယ်။

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *