ကျပ်သိန်း၄၃၀၀ကျော်တန်ဖိုးရှိတဲ့ စိတ်ပြောင်းမူးယစ်ဆေး ဝါးတွေ တာချီလိတ်မြို့မှာ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှာ နိုဝင်ဘာလ၂၂ရက်နဲ့၂၃ရက်တို့က ကာလတန်ဖိုးငွေကျပ်သိန်း၄၃၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ပြောင်းမူးယစ်ဆေးဝါးတွေကို မူး ယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။

ဖမ်းဆီးမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင် ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲက ရှမ်းပြည် နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ် ကွက်မှာ ကြိုတင်သတင်းရရှိထားသူ မောင်ကကို စစ် ဆေးရှာဖွေရာ ၎င်းသယ်ဆောင်လာတဲ့ စက္ကူဂျပ်ဖာအဘတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၃၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး သတင်းကွင်းဆက်အ ရ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၃ နာရီခွဲက တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်မှာ ကိုကိုလင်း(ခ)လင်းလင်းဆီက ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၁၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၈၅ ကီလို၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့်အတူ ဖမ်း ဆီးရမိခဲ့တာကြောင့် ၎င်းတို့ကို ဥပဒေအရ အရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *