၂၆ နိုဝင်ဘာ၊၂၀၂၃
အိန္ဒိယရုပ်ရှင်းကားကို တုပရိုက်ထားတယ်ဆိုပြီးဝေဖန်ခံခံနေရတဲ့ ကံကောင်းရုပ်ရှင်ဇာတ်ကား နှစ်ပါတ်ဆက်တိုက်ပြသခွင့်ရရှိခဲ့တယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းက သိရပါတယ်။


” စံချိန်တင်တဲ့ဝင်ငွေရတဲ့ကားလို့သိရတယ်၊ ပရိတ်သတ်တွေစိတ်ဝင်စားကြတယ်”လို့ ရုပ်ရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူကပြောပါတယ်။
ကံကောင်းရုပ်ရှင်ဇာတ်ကားကြီးကို နိုဝင်ဘာ ၂၄ရက်နေ့မှ စတင်ပြီး တစ်နိုင်ငံလုံး ရုံတင်ပြသနေပြီးဒါရိုက်တာ – ဝင်းလွင်ထက်၊ဇာတ်ညွှန်း မိုးနီလွင်၊သရုပ်ဆောင်ပိုင်တံခွန်၊ ခွေးကလေးကလေးကံကောင်း၊ အကယ်ဒမီ သူထူးစံ၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ နေထွဋ်တို့က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို တပ်မတော်ခေါင်းဆောင်သမီးရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်သော ဇာတ်ကားဖြစ်လို့ပြည်သူများသပိတ်မှောက်ပြီး မကြည့်ရန် တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားတာတွေ့ရပါတယ်။
Visited 308 times, 1 visit(s) today



