ကော့သောင်းမြို့အနီးက ပင်လယ်ပြင်မှာ ကျပ်၁၀၄ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိ

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့အနီးက ပင်လယ်ပြင်မှာ အောက်တိုဘာလ၃၀ရက်နေ့က စက်လှေတစ်စီးပေါ်ကနေ ကော့သောင်းကနေ မလေးရှားနိုင်ငံကိုပို့မယ့် ကာလ တန်ဖိုး ငွေကျပ်၁၀၄ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို တပ်မတော်(ရေ)က ဖမ်းဆီးရမိခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဥ်မှာ အောက်တိုဘာလ ၃၀ရက်က တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့အနီး ရေမိုင်၁၅၇ မိုင်ခန့်အကွာမှာ တပ်မတော်(ရေ) က ပိတ်ဆို့ရှာဖွေ စစ်ဆေးချိန် မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းနေတဲ့ စက်လှေတစ်စီးပေါ်မှာ မင်းမင်းစိုး၊ အောင်မင်းသူ၊ သူရဦး(၁)၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦး၊ သူရဦး(၂)တို့ကို GUANYINWANG စာတမ်းပါ အထုပ်များအ တွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် (ကာလတန်ဖိုး ငွေကျပ် ၁၀၄ ဘီလီယံခန့်)နဲ့အတူ ဖမ်းဆီးရ မိခဲ့တာလို့ သိရပါတယ်။

စစ်ဆေးဖော်ထုတ်ချက်များအရ နိုင်ငံဖြတ်ကျော်မူး ယစ်ဂိုဏ်းများကတဆင့် ပင်လယ်ရေလမ်းကြောင်းအသုံးပြုပြီး မလေးရှားနိုင်ငံကို့ ပို့ဆောင်မယ့် မူးယစ်ဆေးဝါးများဖြစ်တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *